MalAware ဆိုတာဘာလဲ။


နောက်ဆုံးထွက် Psiphon Android အပ်ဒိတ်တွင် အသုံးပြုသူ၏ tunnel သုံး လမ်းလွှဲထားသော ကိရိယာသည် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) များ ဖြန့်ဝေခြင်းနှင့် ပတ်သက်နေကြောင်း သို့မဟုတ် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) အဖြစ် လုပ်ဆောင်ကြောင်း မှတ်တမ်းရှိထားသည့် IP လိပ်စာများ သို့မဟုတ် ဒိုမိန်းများသို့ ဆက်သွယ်ရန် ကြိုးပမ်းချိန်တွင် အသုံးပြုသူအား အသိပေးရန် ရွေးချယ်စရာ အပြင်အဆင် MalAware ပါရှိလာပါသည်။

Psiphon သည် ကျွန်ုပ်၏ စက်ပစ္စည်းလုံခြုံရေးကို မည်သို့ ကာကွယ်သနည်း။

ကံမကောင်းစွာဖြင့် အသုံးပြုသူ၏ အချက်အလက်များကို ခိုးယူရန်၊ သင့်စက်ပစ္စည်းနှင့် အချက်အလက်များကို လော့ချရန်၊ သင့်ခွင့်ပြုချက်မရှိဘဲ သင့်စက်ပစ္စည်းကို အခြားကိစ္စများအတွက် အသုံးပြုရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် သံသယဖြစ်စရာကောင်းသော အပလီကေးရှင်းများနှင့် ဝက်ဘ်ဝန်ဆောင်မှုများကို ဖန်တီးတီထွင်သည့် မသမာသူများ အင်တာနက်ပေါ်တွင် ရှိကြပါသည်။

Psiphon သည် သင့်စက်ပစ္စည်းအား သံသယဖြစ်စရာကောင်းသော အင်တာနက် အချက်အလက် ပို့ခြင်းနှင့်လက်ခံခြင်းတို့မှ ကာကွယ်ပေးပြီးသား ဖြစ်ပါသည်။ Psiphon ကွန်ရက်နှင့် ချိတ်ဆက်ပြီးသည်နှင့် သင့်ကွန်ရက်မှ အချက်အလက် အသွားအလာကို Psiphon ဆာဗာများမှတစ်ဆင့် လွှဲယူပေးမည် ဖြစ်ပါသည်။ ယင်းဆာဗာများကို နေ့စဉ်အပ်ဒိတ်လုပ်သည့် အန္တရာယ်ဆိုင်ရာ သတင်းများအရ အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) ဖြန့်ဝေခြင်းနှင့် ပတ်သက်နေကြောင်း သို့မဟုတ် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) အဖြစ် လုပ်ဆောင်ကြောင်း မှတ်တမ်းရှိထားသည့် သံသယဖြစ်စရာကောင်းသော IP လိပ်စာများ သို့မဟုတ် ဒိုမိန်းများအား အလိုအလျောက် သိရှိနိုင်ရန် ချိန်ညှိထားပါသည်။

လမ်းလွှဲဖွင့်ပြီးချိန်တွင် Psiphon ဆာဗာများသည် အဆိုပါ ချိတ်ဆက်မှုများကို ပိတ်ဆို့နိုင်မည်ဖြစ်ပြီး၊ သံသယဖြစ်စရာကောင်းသော ချိတ်ဆက်မှုတစ်ခုကို ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိပါက Psiphon သည် ယခု MalAware ကို အသုံးပြုပြီး သင့်အား အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်မည် ဖြစ်ပါသည်။

Psiphon အသုံးပြုသူသည် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) နှင့် ကြုံရပါက Psiphon ဆာဗာများမှ စတင်ထွက်မည့် MalAware အသိပေးချက် ပြပုံ။

Psiphon နှင့် ချိတ်ဆက်ထားသည့် စက်ပစ္စည်းတစ်ခုသည် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) နှင့် ဆက်နွှယ်နေသည်ဟု သိထားသည့် IP လိပ်စာ သို့မဟုတ် ဒိုမိန်းနှင့် ချိတ်ဆက်ရန် ကြိုးပမ်းခဲ့ပါက ထိုစက်ပစ္စည်း အသုံးပြုသူသည် ကျွန်ုပ်တို့ ဆာဗာများမှ ၎င်း၏ Psiphon အက်ပ်သို့ ပေးပို့သည့် အသိပေးချက်တစ်ခုကို လက်ခံရရှိမည်ဖြစ်ပြီး အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) ကွန်ရက် လှုပ်ရှားမှုကို ထောက်လှမ်းတွေ့ရှိကြောင်းနှင့် သံသယရှိသော အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) အမျိုးအစားတို့ကို ဖော်ပြပေးသွားမည် ဖြစ်သည်။

အရေးကြီးသည်- Psiphon သည် သင့်ကိရိယာတွင် သံသယဖြစ်စရာကောင်းသော အပလီကေးရှင်းများ ရှိမရှိ စစ်ဆေးမည် မဟုတ်သလို Psiphon သည် ယင်းသံသယဖြစ်စရာကောင်းသော အပလီကေးရှင်းများကိုလည်း ဖယ်ရှားနိုင်မည် မဟုတ်ပါ။

ကျွန်ုပ်တို့သည် အသုံးပြုသူ၏ အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို ထိရှအလွယ်ဆုံး အချက်အလက် အမျိုးအစားအဖြစ် သတ်မှတ်ထားပါသည်။ Psiphon မှ သိမ်းဆည်းထားမည့် အသုံးပြုသူ၏ အသုံးပြုပုံဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်ပြီး ထပ်မံသိလိုသည်များ ရှိပါက ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ကြည့်ပါ။

ကျွန်ုပ်ထံ MalAware သတိပေးချက် ဝင်လာခြင်းသည် မည်သည်ကို ဆိုလိုသနည်း။

Psiphon Android အက်ပ်မှ သတိပေးချက်ကို သင်လက်ခံရရှိပါက Psiphon ဆာဗာများမှတစ်ဆင့် လမ်းလွှဲဆက်သွယ်ထားသည့် အချက်အလက် အသွားအလာသည် သိထားပြီးဖြစ်သော အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) နှင့် ဆက်နွှယ်နေသည့် IP လိပ်စာ(များ) နှင့် URL များသို့ ဆက်သွယ်ခဲ့သည် သို့မဟုတ် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုလိုပါသည်။

MalAware အသိပေးချက်တွင် “Malware ထောက်လှမ်းတွေ့ရှိသည်” အပိုင်း၏ အောက်တွင် အခြားအချက်အလက်များကို ထပ်တိုးပြသပေးမည်ဖြစ်ပြီး တွေ့ရှိသည့် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) ဆက်သွယ်မှု အမျိုးအစားကို ဖော်ပြသွားပါမည်။ တွေ့ရှိနိုင်သည့် အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) အမျိုးအစားမျိုးစုံနှင့် ပတ်သက်ပြီး ထပ်မံသိလိုသည်များ ရှိပါက အောက်ပါဇယားကို ကြည့်ပါ။

အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) အမျိုးအစား ဖော်ပြချက်
RAT C&C
(Async, Bit, DC,
Orcus, etc.)

ခိုင်းစေမှု နှင့် ထိန်းချုပ်မှု (C&C ) ဆာဗာ၊ backdoors နှင့် Trojans အစုများ၊ မသိလိုက်ပဲ ဒေါင်းလုဒ် လုပ်မိတတ်သည် (အဖြစ်များသည့် 'malspam’ 'malvertisements')

bedep backdoors နှင့် Trojans အစုများကို မသိလိုက်ဘဲ ဒေါင်းလုဒ်လုပ်မိတတ်သည် (အဖြစ်များသည့် malspam နှင့် malvertisements)
dircrypt backdoors နှင့် Trojans အစုများကို မသိလိုက်ဘဲ ဒေါင်းလုဒ်လုပ်မိတတ်သည် (အဖြစ်များသည့် malspam နှင့် malvertisements)
goz zeus / ZBOT မျိုးကွဲ၊ ဒေါင်းလုဒ်များ (malspam)
Gozi C&C

spyware၊ မသိလိုက်ဘဲ ဒေါင်းလုဒ် လုပ်မိတတ်သည်။

kraken ransomware၊ အခြားအန္တရာယ်ပြုဆော့ဖ်ဝဲ (malware) ဖြစ်ရပ်တစ်ခုမှ ဒေါင်းလုဒ် လုပ်ခဲ့သည် သို့မဟုတ် ထိတွေ့ခဲ့သည်။
mirai botnet ကို linux boxes များမှ DDoS တိုက်ခိုက်မှုများအတွက် အသုံးပြုလေ့ရှိသည်။
murofet zeus မျိုးကွဲ (dgsဖြင့်)၊ ဒေါင်းလုဒ်များ (malspam)။
proslikefan backdoor ဖယ်ရှားနိုင်သော ဒရိုက်ဗ်များ၊ ဒေါင်းလုဒ်လုပ်ခြင်းများမှတဆင့် ပျံ့နှံ့လေ့ရှိသည်။
qakbot backdoor ဖယ်ရှားနိုင်သော ဒရိုက်ဗ်များ၊ ဒေါင်းလုဒ်လုပ်ခြင်းများမှတဆင့် ပျံ့နှံ့လေ့ရှိသည်။
ramnit backdoor ဖယ်ရှားနိုင်သော ဒရိုက်ဗ်များ၊ ဒေါင်းလုဒ်လုပ်ခြင်းများမှတဆင့် ပျံ့နှံ့လေ့ရှိသည်။
RedLineStealer C&C trojan spy C&C ဆာဗာ။ malspam + ဒေါင်းလုဒ်လုပ်ခြင်းများမှတစ်ဆင့် ပျံ့နှံ့လေ့ရှိသည်
ServHelper trojan spy C&C ဆာဗာ။ malspam + ဒေါင်းလုဒ်လုပ်ခြင်းများမှတစ်ဆင့် ပျံ့နှံ့လေ့ရှိသည်
sinkhole Historical C&C ဆာဗာ။ ဖြစ်နိုင်ခြေရှိသော သို့မဟုတ် သက်ဝင်နေသော ခြိမ်းခြောက်မှုအဖြစ် သဘောထားသင့်သည်။
sphinx zeus မျိုးကွဲ၊ injects ၊ keylogging ၊ FTP grabber (အတွေ့ရများသည့် malspam နှင့် malvertisements)။
vawtrak ကွန်ရက်ချိတ်ထားသည့် backdoor (လိမ်ညာမှု ၊ အချက်အလက် ခိုးယူသည့်အရာ)၊ (ဝန်ဆောင်မှုအဖြစ် သုံးသည့် crimeware)။

အကယ်၍ အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) ကို ထောက်လှမ်းတွေ့ရှိရပါက ဘာလုပ်သင့်သလဲ။

MalAware သတိပေးချက်ကို လက်ခံရရှိပါက အထူးသတိထားပါ။ သင့်စက်ပစ္စည်းကို ဆက်မသုံးမီ ပြင်ပကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုတစ်ခု အသုံးပြု၍ သံသယဖြစ်စရာကောင်းသော ဆော့ဖ်ဝဲများ ရှိမရှိ စကန်ဖတ်ပါ

အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) တိုက်ခိုက်မှုများကို တားဆီးရန်နှင့် ခုခံရန်အတွက် နောက်ထပ်အချက်အလက်များပါရှိသည့် ရင်းမြစ်များနှင့် အပလီကေးရှင်းများ များစွာရှိပါသည်။ Security-In-A-Box သည် သင့်ကိရိယာအား အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) မှ ကာကွယ်နိုင်ရန်နှင့် သံသယဖြစ်စရာကောင်းသော လှုပ်ရှားမှုကို တွေ့ရှိရလျှင် လုပ်ဆောင်ရန် အကြံပြုချက်များ ပေးနိုင်သည်။

MalAware ကို မည်သို့ရွေးချယ် အသုံးပြုရမည်နည်း။

Psiphon Android ၏ နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပြီးနောက် အပလီကေးရှင်းအား ပထမဆုံးအကြိမ် ဖွင့်ချိန်တွင် MalAware သတိပေးချက်များကို လက်ခံရယူခြင်း ပြုမပြု ရွေးချယ်ရမည် ဖြစ်သည်။ ထိုနေရာတွင် “အသုံးပြုမည်” ကို ရွေးချယ်ပြီး အသုံးပြုနိုင်သည်။

အကြောင်းကြောင်းကြောင့် သင် MalAware ကို ရွေးချယ်ထားသလား စစ်ဆေးလိုပါက၊ သို့မဟုတ် သတိပေးချက် ပိတ်ထားလိုပါက “ရွေးချယ်မှုများ” တက်ဘ်သို့ သွားပြီးနောက် “နောက်ထပ် ရွေးချယ်မှုများ”အောက်တွင် MalAware ကို ဖွင့်နိုင်သည်။

MalAware ကို အထိရောက်ဆုံး မည်သို့အသုံးချနိုင်မည်နည်း။

MalAware အကောင်းဆုံး အလုပ်လုပ်စေရန်အတွက် “VPN ဆက်တင်များ" အောက်ရှိ “ရွေးချယ်မှုများ” တက်ဘ်တွင် တွေ့ရသည့် “အက်ပ်အားလုံးကို လမ်းလွှဲမည်” အား ရွေးချယ်ထားပါ။ ထိုသို့ရွေးချယ်ခြင်းဖြင့် သင့်ကိရိယာတွင် ထည့်သွင်းထားသည့် အပလီကေးရှင်းများ၏ ကွန်ရက် အသုံးပြုမှုကိုလည်း လမ်းလွှဲပေးမည်ဖြစ်ပြီး ကွန်ရက်အဆင့်မှ အန္တရာယ်ပြုဆော့ဖ်ဝဲ (malware) ထောက်လှမ်းရှာဖွေခြင်း လုပ်ပေးနိုင်ပါသည်။

ကိုယ်ရေးလုံခြုံမှု မူဝါဒ
မသက်ဆိုင်ကြောင်းရှင်းလင်းချက်